ကျိုက်လတ် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈) ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၀၉၅) ဦးရှိပြီး အောင်မြင်သူ (၄၇၂) ဦးရှိသဖြင့် (၄၃.၁၁) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင်လ(၂၇)ရက်နေ့နံနက်(၆)နာရီ၌ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးထားသဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၈)ခုမှ ဖြေဆိုရန် စာရင်းရှိ(၁၁၇၀)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၀၉၅)ဦး၊ အောင်မြင်သူ (၄၇၂)ဦးရှိပြီး (၄)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၉)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၄၄၀)ဦးရှိကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)