သာပေါင်း ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကိုလောင်းလှူပူဇော်နေကြ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ဇူလိုင်လ ၂၆ ရက်၊ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း(၂)ရက်နေ့နံနက် ၄ နာရီအချိန်မှ စတင်၍ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ပထမအကြိမ်အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်ကြသည်။
ထိုသို့ ပထမအကြိမ် အာရုဏ်ဆွမ်းပါတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၄)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသောရဟန်းသံဃာတော်အပါး(၁၄၂)ပါးတို့ကို ပင့်ဖိတ်၍ မြို့နယ်မြေစာရင်းဦးစီးဌာနရုံးဝန်းရှေ့၌ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွဋ်ခန့်ဝင်းနှင့် ဝန်ထမ်းမိသားစု အလှူရှင်များမှ နိဗ္ဗာန်ရည်မှန်း စုပေါင်းထည့်ဝင်လှူဒါန်းအပ်သော၍ သံဃိက သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု(၃)ကြိမ်ခေါ်ဆိုကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း(ပြန်/ဆက်)