မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်

သထုံ ဇူလိုင် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ဇူလိုင် ၂၇ ရက်နေ့ နံနက်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်များအသွားအလာခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်ရှိ ကျိုက္ကော်ချောင်းရေလျှံပြီး နံနက် ၇ နာရီအချိန်ခန့်မှစတင်ကာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၈/၆ နှင့် ၁၃၉/၁ အကြားတွင် အဝေးပြေးကားလမ်းမကြီးပေါ်သို့ ရေအမြင့်(၂)ပေခွဲခန့် ရေကျော်မှုဖြစ်ပွားခဲ့ရာ တာဝန်ရှိသူတို့က အဆိုပါနေရာ၌ ယာဉ်သွားလာမှုခေတ္တပိတ်ထားပြီး လမ်းလွှဲပြုလုပ်ကာ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ရေး ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း ရေများ ပြန်လည်ကျဆင်းလာရာ နံနက် ၁၀ နာရီခွဲအချိန်ခန့်၌ ကားလမ်းမပေါ် ယာဉ်ကြီးယာဉ်ငယ်များအား အလှည့်ကျစနစ်ဖြင့် ဖြတ်သန်းမောင်းနှင်ခွင်ပြုပြီး ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် သုဝဏ္ဏဝတီမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအဖွဲ့များတို့က ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)