ပခုက္ကူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ (စာကြည့်တိုက်မှူး) က ကျောင်းသား ကျောင်းသူများ ဖတ်ရှုလေ့လာသင့်သည့် စာအုပ်များနှင့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ကျောင်းသူများက နတ်သျှင်(ရွှေဂူ)ရေးသားထုတ်ဝေထားသော “လူငယ်များကိုပျိုးထောင် ပေးပါ” စာအုပ်ပါအကြောင်းအရာများ၊ စာအုပ်အပေါ်အမြင်နှင့် ခံစားချက်များ၊ စာအုပ်၏ အားသာချက်၊ အားနည်းချက်များ အကြောင်းတို့ကို တစ်ဦးချင်းအလိုက်ဆွေးနွေးကြရာ ဆွေးနွေးပွဲ တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကာ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)