ကော့မှူး ဩဂုတ် ၂၂
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျှက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့် အညီ ဆိုင်ထိုင် စားသောက်သူများအတွက် ပြင်ဆင် ဆောင်ရွက် ထားရှိမှု အခြေအနေများကိုယနေနံနက်က တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း စစ်ဆေး ဆောင်ရွက်နေကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင်မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် တုံပြန်ရေးကော်မတီဝင်များ၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီတို့ပူးပေါင်း၍ မြို့နယ်အတွင်း ဆိုင်ထိုင် စားသောက်ရောင်းချကြသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် နိုင်ရေးအတွက် စားပွဲဝိုင်းများကြားတွင် အကာအရံထားရှိရေး၊ လက်ဆေးဘေစင် ထားရှိပေးရေး၊ ရောင်းချသူများ အနေဖြင့်လည်း Mask များ၊ မျက်နှာကာများတပ်ဆင်ပြီးမှ ရောင်းချမှုရှိ စေရေးတို့အား ဝင်ရောက်စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများ ကစားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် အချက်များအား စားသောက်ဆိုင်များမှ တာဝန်ရှိသူများဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် အချက်များစားသုံးသူများ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ကျော်သူရ ကော့မှူး