ပခုက္ကူ ဩဂုတ် ၂၂
ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CREP)အရ နိုင်ငံတော်ကပေးအပ်သော ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ၌ ကျင်းပသည်။
ပခုက္ကူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းဧက ၂၄၀ ကို ရွှေတန့်တစ်၊ ဆင်မင်း၊ ကျွဲတဲ ကျေးရွာ တို့မှ တောင်သူ ၇၄ ဦးဖြင့် စိုက်ပျိုးဆောင်ရွက် လျက်ရှိသည်။
မိုးစပါးမျိုးစေ့ ထုတ်စိုက်ပျိုးတောင်သူ ၇၂ ဦးထံ ပထမအကြိမ် ဧက ၁၉၀ အတွက် စိုက်ပျိုးမြေ ပြုပြင်စရိတ်အဖြစ် CERP အစီအစဉ်ဖြင့် နိုင်ငံတော်က ထောက်ပံ့ငွေ ၁၅၈ ဒသမ ၆၉ သိန်းကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။ အထွက်ကောင်းမျိုးတစ်ဧကလျှင် စိုက်ပျိုးစရိတ် ၁၄၈,၅၀၀ ကျပ်နှင့် အရည်အသွေးကောင်းမျိုး တစ်ဧကလျှင် ၁၅၀,၅၀၀ ကျပ် ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ကိုတမာ(ပြန်/ဆက်)