မယ်စဲ့မြို့နယ်၊ ဟိုဖကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယအကြိမ် ထုတ်ချေး

မယ်စဲ့  ဩဂုတ် ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဟိုဖကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယအကြိမ် ငွေထုတ်ချေးခြင်းကို ယမန်နေ့က ဟိုဖကျေးရွာခန်း မဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြား ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်း နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ စောသေးရယ် တို့က ကျေးရွာမတည ရန်ပုံငွေစီမံကိန်း (VRFP)မှ ရန်ပုံငွေများ ချေးယူပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာများကို ဌာနနှင့်လာရောက်ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်းနှင့် ကျေးရွာလူထုများ အနေဖြင့် ကောင်းမွန်စွာအသုံးချနိုင်ရေး ပြောကြားပြီး ကျေးရွာကော်မတီဝင်များထံ ဒုတိယအကြိမ် ချေးငွေများလွဲပြောင်းပြီး ကျေးရွာ ကော်မတီဝင်များက ငွေချေးယူမည့် ကျေးရွာလူထုအား ငွေများထုတ်ချေးခြင်းနှင့် စာချုပ်ချုပ်ခြင်း လုပ်ငန်း များ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုဖကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေကျပ် သိန်း (၁၀၀)  ထုတ်ချေးခွင့်ပြုသော်လည်း ပထမ အကြိမ် ငွေထုတ်ချေးရာတွင် သိန်း(၅၀)ကိုသာ ချေးယူခဲ့ပြီး ဒုတိယအကြိမ် ငွေထုတ်ချေးရာတွင် ကျပ် (၄၈)သိန်း ကို ထပ်မံ ထုတ်ချေး ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုင်းလျှမ်း(ပြန်/ဆက်)