မလှိုင်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show ) ကျင်းပ

 

မလှိုင် ဩဂုတ် ၂၂

မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျင်းပပြုလုပ် သည့်  လူကုန်ကူးမှုတားဆီး ကာကွယ် ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show ) ကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး (Talk Show )အစီအစဉ် တွင် ပါဝင်ဆွေးနွေးကြမည့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ၊ မြို့ နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဇော်နိုင် ၊ မြို့နယ်ဉပ‌ဒေအရာရှိ ဒေါ်တိုးတိုးမော် ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း၊ မြို့နယ်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်ပွင့်ဝါတို့ နှင့်မိတ်ဆက်စကား ပြောကြားခဲ့သည် ။

ထို့နောက် မြို့နယ်ပြန်/ဆက် ဦးစီးမှူးက လူကုန်ကူးမှုနှင့် ပတ်သက်သည့် သိကောင်းစရာများကို မေးမြန်းဆွေး နွေးခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက လူကုန်ကူးမှု အဓိပ္ပါယ်၊ လူကုန်ကူးခံရခြင်း အကြောင်းရင်းများ၊ လူကုန်ကူးခံနိုင်ရ သူများ ၊ လူကုန်ကူးမှုပုံစံ များနှင့်ပတ်သက်၍ လည်းကောင်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအကြောင်းကို၎င်း ၊ မြို့နယ်ဥပဒေအရာရှိက ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းကို လည်းကောင်း၊ မြို့နယ် လ.ဝ.က ဦးစီးမှူးက လူကုန်မှုနှင့် ပတ်သက်သည့် အတွေ့အကြုံများ ကို လည်းကောင်း ၊  မြို့နယ်အမျိုးသမီး ကော်မတီ အတွင်းရေးမှူးက လူကုန်ကူးမှုနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်နေမှုနှင့် အမျိုးသမီးအရေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း  ပြန်လည် ရှင်းလင်း ဆွေးနွေးဖြေကြား ပေးခဲ့ကြောင်းသိရသည် ။

အောင်ဌေး(မလှိုင်)