ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ပေါ်  ရပ်ကွက်၌ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်(၁၁)ဆိုင်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ဟုမ္မလင်း သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်ရှိလက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် (၁၁)ဆိုင်ကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ထားရှိခြင်း၊ ရှိ/ရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာ ရီခွဲက အဆိုပါ နေရာသို့ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဟုမ္မလင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဒေါ်ဆန်းယဉ်နှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် သီဟစိုးနှင့် တပ်ဖွဲ့ဝင် များ၊ ကျန်းမာရေးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် တာဝန်ရှိသူများက မြို့ပေါ် /ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင် အရှေ့မျက်နှာစာတွင် လက်ဆေးရန် ဘေးစင်နှင့်ဆပ်ပြာ ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသုံးသူများအတွက်  တစ်ဦးနှင့် တစ်ဦး အကာအကွယ်များဖြင့် စားသောက်နိုင်ရန် စိစဉ်ထားရှိမှု၊ ဆိုင်ဝန်ထမ်းအား နှားခေါင်စည်း (mask) တပ်ဆင်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက် ပိုစတာများအား ချိန်ဆွဲထားခြင်း ရှိ/မရှိ စသည့်တို့ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း(ပြန်/ဆက်)