ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့်ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ချမ်းအေးသာစံမြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ၃၅ လမ်း၊ ၈၉လမ်းနှင့် ၉၀ လမ်းကြားရှိ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ ပြောင်းရွေ့ နေထိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော် လွန်ကာ လူနေအိမ်များအတွင်းရေများဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ အခြားနေရာသို့ ပြောင်းရွေ့နေထိုင်ရကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းကြက်သားပေါက်လိုအပ်ချက်အရ လေးလအတွင်း ကြက်သားပေါက်အကောင်ရေ ၃ သန်းကျော် ထိုင်းနိုင်ငံမှ တင်သွင်းရန်လျာထား

ပြည်တွင်းကြက်ပေါက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စီးပွားဖြစ် အသားစားကြက်ပေါက်များကို ထိုင်းနိုင်ငံကနေ တစ်လချင်းစီအလိုက် ရေတိုစီမံချက်နှင့် ဇွန်လကနေစတင်တင်သွင်းလျက်ရှိရာ စက်တင်ဘာကုန်အထိ ၃ ဒသမ ၇၉သန်း တင်သွင်းရန်လျာထားကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှပြန်လည်ရောက်ရှိလာသူ အမျိုးသား (၁၂) ဦးအား Facility Quarantine ဆောင်ရွက်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ် (အမ်းမြို့နှင့် ကျောက်တော်မြို့) ကြားတွင် သွားရောက်အလုပ်လုပ်နေကြသည့် နယ်မြေခံအမျိုးသား (၁၂) ဦးတို့သည် ယနေ့နံနက် (၄) နာရီအချိန်က ကျောက်ဆည်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

မိုးနဲမြို့၌ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဗဟုသုတ ဆန်းစစ်ချက်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း အဆင့် ဘဝအတွက်တာ ကျွမ်းကျင်စရာ ကျောင်းသင်ဘာသာရပ်မှ ဗဟုသုတဆန်းစစ်ချက် မေးခွန်းရေးဖြေ ဖြေဆို ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to