ကျောက်ဆည် ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ် (အမ်းမြို့နှင့် ကျောက်တော်မြို့) ကြားတွင် သွားရောက်အလုပ်လုပ်နေကြသည့် နယ်မြေခံအမျိုးသား (၁၂) ဦးတို့သည် ယနေ့နံနက် (၄) နာရီအချိန်က ကျောက်ဆည်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
ထိုသို့ ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူများအား ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးနှင့် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးကျော်လွင်နှင့် ကော်မတီဝင်များမှ သွားရောက်တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ် အနော်ရထာခန်းမတွင် Facility Quarantine ဆောင်ရွက်ထားရှိကြောင်းသိရပြီး မိမိတို့နေရပ်ဒေသို့ ပြန်လည်ရောက်ရှိလာကြသည့် အမျိုးသားများမှာ ပုထိုးနီအုပ်စု၊ သပြေသာကျေးရွာမှ အမျိုးသား (၇)ဦး၊ မြင်းစိုင်းကျေးရွာမှ အမျိုးသား(၂)ဦး၊ မုန့်ပေါင်းကျေးရွာမှ အမျိုးသား(၃)ဦး၊ စုစုပေါင်း (၁၂)ဦး ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)