ဒီးမော့ဆို ဩဂုတ် ၂၄
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီမော့ဆိုမြို့နယ်တွင် COVID-19 မဖြစ်ပွားစေရေး အတွက် ပြည်သူများအား အသိပညာပေးခြင်း၊ အိမ်အပြင်ထွက်ပါက Mask တပ်ဆင်ရေး နှင့် လက်ကမ်းစာစောင်များဖြန့်ဝေလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီက မြို့မရပ်ကွက် ချယ်ရီ လမ်းဆုံ၊ ဒီး/ကျေးရပ်ကွက် လွိုင်ကော်-ဒီးမော့ဆို-တောင်ငူ-မိုးဗြဲသွားလမ်း၊ လမ်းဆုံ တို့ တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံးပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် နှင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်ကြပြီး COVID-19 မဖြစ်ပွားစေရေးအတွက် ပြည်သူများ သိရှိ လိုက်နာ ရမည့် ညွှန်ကြားချက်များ၊ လမ်းသွားလမ်းလာ ပြည်သူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးပြီး တပ်ဆင်ခြင်းမရှိပါက ချက်ချင်းဝယ်ယူတပ်ဆင်ရေး နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသော အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြီးဒဲရယ်