စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် မြို့လုံခြုံစေရေး CCTV ကင်မရာများတပ်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၁၉ ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံငွေမှ တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်အဖြစ်‌ခွင့်ပြု ချထား‌ငွေ ကျပ်သန်း၁၉၀ ဖြင့် ရေဦးမြို့တွင် မြို့လုံခြုံစေရေး Wireless စီစီတီဗီကင်မရာငါးလုံးကို ရန်ကုန်မြို့အခြေစိုက HTET UK Group Company မန်နေဂျာ ဦးအောင်ခိုင်ထွန်း ဦးဆောင် သောအဖွဲ့မှ တာ၀န်ယူတပ်ဆင်လျှက်ရှိသည်။

တနင်္သာရီမြို့နယ်၊ အထက (ခွဲ) ဇဝဲကျောင်း၏ (၂၀၂၀-၂၀၂၁) ပညာသင်နှစ်၊ အထက်တန်းအဆင့် စတင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ အထက (ခွဲ) ဇဝဲကျောင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အထက်တန်း အဆင့်(A)အဆင့်

မက်မန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ညနေ (၃)နာရီအချိန် က ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်တွင် မိုးစပါးမျိုး၊ မျိုးကောင်း၊ မျိုးသန့် ထုတ်ကွက် ၂၀၄ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများအနေဖြင့် မျိုး ကောင်း၊ မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင်

မကွေးတိုင်းဒေသကြီး၊ ဆောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုများမရှိစေရေး အသံချဲ့ စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွား ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကဝမြို့ နယ်တွင် Covid-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ကျေးရွာမတည်ရန်ပုံငွေများထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Covid -19 စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ များကို ကဝမြို့နယ် ဘုမ္မဇိုးကျေးရွာအုပ်စု၊ ဘုမ္မဇိုး ကျေးရွာသို့ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့၌ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်သည်။

အသက်(၁၈)နှစ်ပြည့်ပြီးသူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေးအတွက် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် တုံတာမြို့ရှိ ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဩဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။

အင်းစိန်မြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် စာငှားမော်တော်ယာဉ်ဖြင့် ကိုဗစ် ၁၉ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဂုံးကျော်တံတားအနီး အင်းစိန်ပန်းခြံနှင့် တောင်သူကုန်း မင်းကြီးလမ်းတို့တွင် ကိုဗစ်-၁၉ အသိပညာ ပေး လက်ကမ်းစာစောင်များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီတွင် ဖြန့်ဝေခဲ့ကြသည်။

လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မသန်စွမ်းသူများအား ငွေကျပ် (၃၀၀၀၀)စီ ထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့၌ ရပ်ကွက်(၈)ခုနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရက မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးမှုအား ယမန်နေ့ နံနက် (၁၀)နာရီခွဲအချိန်က တောင်ရွာ ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to