ရပ်စောက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရပ်စောက်      ဩဂုတ်         ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ()ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအား မဲပေးနိုင်ရန် မဲဆန္ဒရှင်များစာရင်းကို ပြုစုဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိစေရေးနှင့် မဲဆန္ဒရှင် များ ကျန်ရှိမှုမရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ အုပ်စုဖွဲ့ခွဲကာ တစ်အိမ် တက်ဆင်း မဲစာရင်းများကို တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ မဲဆန္ဒနယ်အမှတ်()တွင် ရပ်ကွက်()ရပ်ကွက်၊ကျေးရွာအုပ်စု()အုပ်စု ပါဝင်ပြီးမဲရုံပေါင်း(၄၀)ရုံနှင့် မဲဆန္ဒနယ်အမှတ်()တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ကျေးရွာအုပ်စု(၁၂) အုပ်စုပါဝင်ကာ မဲရုံပေါင်း(၄၄)ရုံဖြင့် တစ်မြို့နယ်လုံး မဲရုံးပေါင်း(၈၄)ရုံဖွင့်လှစ်ရန် လျာထားပြီး အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ(၁၀၇၂၂၉)ဦး ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)