မင်းကင်း သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော် လွန်ကာ လူနေ အိမ်များအတွင်းရေများဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ အခြားနေရာသို့ ပြောင်းရွေ့နေထိုင်ရကြောင်း သိရသည်။
အဆိုပါလူနေအိမ်အတွင်းရေဝင်ရောက်ခြင်းကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်လျက် ရှိသော အိမ်ထောင်စု (၁၀၈)စု လူဉီးရေ(၄၂၇)နှင့် ကျွဲ၊နွား တိရစ္ဆာန် များကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ နေကြ ရကြောင်းနှင့် ရေဝင်ရောက်သော လယ်မြေ(၆၁၄.၄၃)ဧက ရှိကြောင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှဦးစီးမှူး ဦးသုတစိုးထံမှသိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန၏ တိုင်းထွာ ချက်အရ. မင်းကင်းမြို့၏ စိုးရိမ်ရေအမှတ် (၁၃၅၀ စင်တီမီတာ)ဖြစ်ရာ ယမန်နေ့ က(၁၄၁၆စင်တီမီတာ)အထိ ရှိပြီး ယနေ့ နေ့လယ် ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ (၁၄၁၁ စင်တီမီတာ)သို့ကျဆင်းပြီး ၂ နာရီ လျှင် ၂ စင်တီမီတာ နှုန်းကျဆင်းနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။
လှငွေ(မင်းကင်း)