ကသာမြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ မြို့ဝင်/ထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ မရှိစေရန်အတွက် ဩဂုတ်လ(၂၃)ရက်နေ့မှစတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြန်လှည်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တီးတိန်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ချင်းပြည်နယ်၊တီးတိန်မြို့တွင် အမှတ် (၁၆)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ချင်း)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၀၃)တပ်ဖွဲ့စိတ် (တီးတိန်)မှ ယာဉ်ထိန်းရဲအုပ် လန့်အင်းခွာလ် ဦးဆောင်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ကြောင်း သိရသည်။

အင်ဂျန်းယန်၌ အသက်(၆)လမှ အသက်(၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး တိုက်ကျွေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား Vitamin A နှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီတွင် ပြည်သူ့ဆေးရုံ၌ တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်စာရင်းစစ်ရုံး၏ လက်ထောက်စာရင်းစစ်မှူးများအတွက် စာရင်းစစ်လုပ်ငန်းများ ကျွမ်းကျင်မှု ရှိစေရေး ရည်ရွယ်၍ လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၅၁) သင်တန်းကို (၂)လကြာဖွင့်လှစ်သွားမည်ဖြစ်ရာ ယနေ့နံနက် ၉ နာရီက အဆိုပါ သင်တန်းဖွင့်ပွဲကို ပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ -၂ ၌ ကျင်းပပြုလုပ်သည်။

သီပေါမြို့နယ်၌ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်ကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်နိုင်ရန် အတွက် ပညာပေး သင်တန်းဖွင့်လှစ်

သီပေါမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ ကိုဗစ်−၁၉ကာလအတွင်း စီးပွားရေးအပေါ်ထိခိုက်မှုသက်သာစေရေး စီမံချက်အရ မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များ ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (CERP) COVID-၁၉ Economic Relief Plan အရဖွင့်လှစ်သော ကြက်မွေးမြူထုတ်လုပ်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက ရွှေကျောင်းရပ်ကွက် ဓမ္မာရုံတွင် ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နယ်တွင် မိုးစပါး ရေကြီးနစ်မြုပ်သည့် တောင်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း မိုးစပါး ရေကြီးနစ်မြုပ်မှုကြောင့်စိုက် ဧကများ ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်ပ

အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိ သူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိစေရန် မဲဆန္ဒရှင်စာရင်း စိစစ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre ) ခန်းမ၌ကျင်းပသည်။

သီပေါမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ(CERP)အစီအစဉ်အရ ကျေးရွာများတွင် သင်တန်းများဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)ဖြင့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းဆိုင်ရာ ပညာပေးသင်တန်းဖြစ်သည့် ကမေထုန်မဲ့သားစပ်သင်တန်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က မိုးတေကျေးရွာတွင်ဖွင့်လှစ်ခဲ့သည်။
Subscribe to