ပုဇွန်တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စားသောက်ဆိုင်များအား ရှောင်တခင် စစ်ဆေး

ပုဇွန်တောင် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို ယမန်နေ့ ညနေ (၂) နာရီက ပုဇွန်တောင်မြို့နယ်ရှိ စားသောက်ဆိုင် များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများက ပုဇွန်တောင် မြို့နယ်ရှိ စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ နှင့်အညီ လက်ဆေး ဘေစင်များ ထားရှိခြင်း ရှိ/မရှိ၊ လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ/မရှိ၊ စားသောက်ဆိုင် ပိုင်ရှင်များ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိနှင့် စားသုံးသူများအား တစ်ဦးနှင့် တစ်ဦး(၃)ပေအကွာတွင် ထားရှိ ခြင်းရှိ/ မရှိတို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

နေခြည် (ပြန်/ဆက်)