မိုးနဲမြို့၌ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဗဟုသုတ ဆန်းစစ်ချက်ဖြေဆို

 

မိုးနဲ   ဩဂုတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အခြေခံပညာအထက်တန်း အဆင့် ဘဝအတွက်တာ ကျွမ်းကျင်စရာ ကျောင်းသင်ဘာသာရပ်မှ ဗဟုသုတဆန်းစစ်ချက် မေးခွန်းရေးဖြေ ဖြေဆို ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗဟုသုတဆန်းစစ်ချက်မေးခွန်းအား အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၄၇ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန် ၊မြို့နယ် ပညာရေး မှူး ဒေါ်ခင်မိုးဆွေ နှင့် ကျောင်းအုပ်ဆရာကြီး ဦးစိုင်းစိုးနိုင် တို့က လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြသည်။

အဆိုပါရေး ဖြေစာမေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း မှဆရာ/ဆရာမများကကြီးကြပ် ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ နှင့် အညီ ကျင်းပခဲ့ပြီး ထူးချွန်ဆုရရှိသူများအား အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု အခမ်းအနား တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုင်းစိုးနိုင် က ပြောကြား ခဲ့သည်။

မျိုးညွန့်ရွှေ (မိုးနဲ)