သနပ်ပင် သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် Covid 19 မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး လုပ်ငန်းအား သြဂုတ် ၂၄ ရက်နေ့ နံနက် ၁၀နာရီက မြို့နယ် Coronavirus Disease 2019 ( Covid 19 ) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါပူးပေါင်းအဖွဲ့သည် သနပ်ပင်မြို့နယ်အတွင်းလူစည်ကားရာနေရာများဖြစ်သော မြို့မစျေး၊ စျေးတံတားထိပ်၊ ဉာဏ်ဆောင်း လမ်းဆုံများသို့ သွားရောက်ပြီး ပြည်သူများ အိမ်အပြင် ထွက်တိုင်း နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင် ကြရန်နှင့် (Mask) တပ်ဆင်ထားခြင်း မရှိသူများကို ဒဏ်ကြေးအဖြစ်Mask (၁)ခုကို (၁၀၀)ကျပ်ဖြင့် ဝယ်ယူစေပြီး တပ်ဆင်ပေးခြင်း၊ လူစုလူဝေး နေရာများသို့ မလိုအပ်ပဲ မသွားကြရန်၊ တက်နိုင်သမျှ မိမိတို့အိမ်မှာပဲနေထိုကြရန်နှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန် စသည့်အချက်အလက် များအား သတိပေးရှင်းပြောကြားပြီး အသိပညာပေး လက်ကမ်းစာများကို ပြည်သူများလက်ဝယ် အရောက် ဖြန့်ဝေပေး ခဲ့ကြောင်း သိရှိရသည်။
လှမိုး(ပြန်/ဆက်)