တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ကာလနှာခေါင်းစည်း

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား နိုင်ငံတော်က ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက ပုလောမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ ဒေါပုံမြို့နယ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ကော်မရှင် အဖွဲ့များနှင့်တွေ့ဆုံ

မိုးနဲမြို့၌ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား မျိုးကွဲနုတ်ပယ်ခြင်း ပထမအကြိမ်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလ (CERP) အစီအစဉ်ဖြင့် DU-12 မိုးစပါး RS to CS မျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို နမ့်မော်ဆွမ့် ကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာတွင် ဧက ၅၀ စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

လွယ်ဂျယ်မြို့၌ စားသောက်ဆိုင်များအား လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိ ကို ယနေ့ နံနက်(၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တွန်းဇံမြို့၌ကျင်းပ

ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action lan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေး ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ အသိပညာပေးမှုများဆောင်ရွက်

ဇေယျာသီရိမြို့နယ်၊ ရေဆင်းဈေးနှင့်ပြည်စံအောင်ဈေးများတွင် ပြည်သူများအား COVID - 19 ကြိုတင်ကာကွယ်နိုင်ရေး Mask များ အခမဲ့ဖြန့်ဝေ ပေး၍ လူတိုင်းတပ်ဆင်ရေး နှိုးဆော်ခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ၊ ပိုစတာများကပ်ပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရ သည်။

တီးတိန်၌ နိုင်ငံခြားအရက် အမျိုးမျိုး တရားမဝင် တင်သွင်း ရောင်းချနေခြင်း တို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ် ရောင်းချစေခြင်း လုပ်ငန်းစီမံချက်များ ရှင်းလင်း

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပြည်တွင်း၌ နိုင်ငံခြားအရက်အမျိုးမျိုး တရားမဝင် တင်သွင်းရောင်းချခြင်း တို့အပေါ် အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။

ကောလင်းမြို့၌ covid-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် "မိမိကစ၍ ကာကွယ်ပါ" လက်ကမ်း စာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် covid-19 ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကောလင်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မိခင်နှင့်ကလေးသူငယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ လူအများသွားလာရာ နေရာများတွင်  Covid-19 ရောဂါသည် နိုင်ငံတစ်ဝမ်းတွင် အနေဖြင့် ရိုက်ခတ်နိုင်မှုမရှိစေရေးအတွက် လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ကြပါရန်၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စက္ကန့် ၂၀ကြာအောင် ဆေးကြော ကြပါရန် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
Subscribe to