ကျောက်ကြီးမြို့နယ်ရုံး ရွေ့လျားစာကြည့်တိုက်အတွက် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ ဂျပန်ဘာသာပြန် ပုံပြင်စာအုပ်များအား လာရောက်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရုံး ရွေ့လျားစာကြည့်တိုက်များ ကွင်းဆင်း ဆောင်ရွက် ရာတွင် ငှားရမ်းပေးမည့် စာအုပ်များကို ဂျပန်နိုင်ငံ (Shanti Volunteer Association) ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့(SVA)မှ ပံ့ပိုးလှူဒါန်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ဂျပန်ဘာသာပြန်ပုံပြင် စာအုပ်(၃၄၆)အုပ်ကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လှူဒါန်းခဲ့သည်။

မိုင်းခတ်မြို့နယ်၌ အသက်၂နှစ်မှ ၁၅နှစ်အထိ ကလေးများအား ဆုံဆို့နာရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက်၊ကျေးရွာ/အုပ်စုများရှိ အသက်၂နှစ်မှ ၁၅နှစ်အထိကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်း က မြို့ပေါ်ရက်ကွက်(၁) ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့မှနေရပ်ပြန်ပြည်သူ(၇)ဉီးအားသက်ဆိုင်ရာဒေသများသို့ထပ်မံလွှဲပြောင်းပို့ဆောင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဉကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ သို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် စနစ်တကျစီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ(၄)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၇)ဉီးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် ဈေးရောင်း/ဈေးဝယ်များ နှာခေါင်းစည်းတပ်ဆင်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စည်ပင်သာယာမြို့မဈေးတွင် ယနေ့နံနက်ပိုင်း က ဈေးရောင်း/ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကာလအတွင်း နှာခေါင်းစည်းများတပ်ဆင်ပြီး ဈေးရောင်း/ဈေးဝယ်မှု ရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့၌ မြို့ရေပေးဝေရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ရေဦးရေဖျားနေရာများအထိ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့ရေပေးဝေရေး လုပ်ငန်းများတိုးချဲ့ ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ဩဂုတ် ၂၅ ရက် နေ့လည်ပိုင်း က ရေဦးရေဖျားနေရာများအထိ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် (IDP) စခန်း(၃)ခုရှိ အသက် (၆၀) နှစ်နှင့် (၈၀)နှစ်အကြား တိုက်ပွဲရှောင်ပြည်သူ ဘိုးဘွား (၅၈)ဦး အား ထောက်ပံ့ငွေများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်း ဦးစီး ဌာန ရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ အသက် (၆၀)နှစ်နှင့် (၈၀)နှစ်အကြား တိုက်ပွဲရှောင်ပြည်သူ ဘိုးဘွား (၅၈)ဦးအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်းနှင့် လီဆူး(IDP) စခန်းတို့၌ ဆောက်ရွက်ခဲ့ပါသည်။

သိန္နီမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား နံပါတ်လစ်လပ်နေမှုများအား ကွက်လပ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်(၉)နာရီအချိန် က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသည်။

ချင်းရွှေဟော်၌ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း ကြိုတင်ကာကွယ်နိုင်ရန်အတွက် ချင်းရွှေဟော်မြို့အဝင် သံတားဂိတ်တွင် ယနေ့ နံနက်(၇) နာရီအချိန်မှ စတင်၍ စစ်ဆေးရေးဂိတ်ထားရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ် (IDP) စခန်း(၃)ခု၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၊ လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်းတို့၌ ဆောက်ရွက်ခဲ့ပါသည်။

ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၈နာရီအချိန် က စတင်၍ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့နှင့် လမ်းဆုံများတွင် သွားလာနေကြသည့် ပြည်သူများကို နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးပြီး နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to