အရန်ငါးရိက္ခာ စုစည်းသိုလှောင်သည့်အနေဖြင့် ဆည်ရေလှောင်တမံကန်များတွင် ငါးသားပေါက် ကောင်ရေ သိန်း ၃၀ စိုက်ထည့်ပေးသွားမည်
အရန်ငါးရိက္ခာ စုစည်းသိုလှောင်သည့်အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေလှောင်တမံကန် နှစ်ဆယ်ခု၌ ငါးသားပေါက်ကောင်ရေ သိန်းသုံးဆယ် စိုက်ထည့်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။