ကောလင်း ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် covid-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ကောလင်းမြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မိခင်နှင့်ကလေး သူငယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ လူအများသွားလာရာ နေရာများတွင် Covid-19 ရောဂါသည် နိုင်ငံတစ်ဝမ်းတွင် အနေဖြင့် ရိုက်ခတ်နိုင်မှုမရှိစေရေးအတွက် လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲမသွားကြရန်၊ တစ်ဦးနှင့်တစ်ဦး ၆ပေအကွာမှ နေထိုင်ပြောဆို ဆက်ဆံကြရန်၊ အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ကြပါရန်၊ လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စက္ကန့် ၂၀ကြာအောင် ဆေးကြောကြပါရန် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
စျေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ စနစ်တကျဖွင့်လှစ် ရောင်းချကြပါရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်ကြပါရန် အသိပညာပေးပြီး၊ covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာများပါဝင်သည့် "မိမိကစ၍ကာကွယ်ပါ" လက်ကမ်းစာစောင်များအား ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)