လွယ်ဂျယ်မြို့၌ စားသောက်ဆိုင်များအား လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

လွယ်ဂျယ်  သြဂုတ် ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ /မရှိ ကို ယနေ့ နံနက်(၁၀)နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကွင်းဆင်းစစ်ဆေး    ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ရာခြင်းကို ကျန်းမာရေး၀န်ထမ်းများက   စားသောက်ဆိုင်များတွင် ရောင်းချလုပ်ကိုင်ဆောင်ရွက်သူများကို ကိုယ်ပူချိန်တိုင်းပြီး ကျန်းမာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊  ဆိုင်များတွင် လက်ဆေးရေစင်နှင့် ဆိုင်သို့လာရောက်သူများအနေဖြင့် လက်ဆေးခြင်း၊  Mask တပ်ဆင်ပြီးမှ လာရောက်စားသောက်စေခြင်းများ  ဆောင်ရွက်ကြရန် အသိပညာပေး မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)