ပုလော သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက ပုလောမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေအပ်ပွဲတွင် မြိတ်ခရိုင် ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦး၀င်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် ဦးစီးမှူး ဦးအေး၀င်းက ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း၏အကြောင်းအရင်းကို ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အရည်အသွေးကောင်း (စပါး) စိုက်ပျိုးဧက (၁) ဧကလျှင် မျိုးစေ့ဖိုးနှင့်လုပ်အားခ (၈၅၅၀၀) ကျပ်၊ အထွက်ကောင်း (စပါး) စိုက်ပျိုးဧက (၁) ဧကလျှင် မျိုးစေ့ဖိုးနှင့် လုပ်အားခ (၈၃၅၀၀) ကျပ်စီထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး၊ ပုလောမြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူ (၃၅) ဦး၊ စိုက်ပျိုးဧက (၁၅၀) အတွက် ငွေကျပ် (၁၂၆၇၉၀၀၀) ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)