ဇေယျာသီရိ ဩဂုတ် ၂၆
ဇေယျာသီရိမြို့နယ်၊ ရေဆင်းဈေးနှင့်ပြည်စံအောင်ဈေးများတွင် ပြည်သူများအား COVID - 19 ကြိုတင်ကာကွယ်နိုင်ရေး Mask များ အခမဲ့ဖြန့်ဝေ ပေး၍ လူတိုင်းတပ်ဆင်ရေး နှိုးဆော်ခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ၊ ပိုစတာများ ကပ်ပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရ သည်။
COVID-19 ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရန် အတွက် " မိမိကစ ကာကွယ်ပါ "ဆောင်ပုဒ်အတိုင်း လူတိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ကြရန် ၊ လက်ဆေးကြရန် ၊ လူစုလူဝေးဖြစ် စေခြင်းမှ ရှောင်ကြဉ်ပါ စသည့် သတိပေးချက်များနှင့် ကူးစက်ရောဂါအကြောင်း ပိုမိုသိရှိနားလည်စေရန် ရည်ရွယ် ချက်များဖြင့် ဇေယျာသီရိမြို့နယ်၊ ဌာနဆိုင်ရာများ ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ၊ ဂရုဏာရှင် လူမှုကူညီရေးအသင်းနှင့် ဈေးကော်မတီတို့ပူးပေါင်း၍ ရေဆင်းဈေးနှင့်ပြည်စံအောင်ဈေးမှ ဈေးရောင်းဈေးဝယ်များ ၊ နှာခေါင်းစည်း (Mask) များတပ်ဆင်ကြရန် နှိုးဆော်ခြင်း၊ Mask များအခမဲ့ ဖြန့်ဝေခြင်း ၊ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးသတိ ပေးချက် များ နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်း ၊ အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ ပိုစတာများလိုက်လံကပ်ပေးခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း (ဇေယျာသီရိပြန်/ဆက်)