တီးတိန် သြဂုတ် ၂၆
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ပြည်တွင်း၌ နိုင်ငံခြားအရက်အမျိုးမျိုး တရားမဝင် တင်သွင်းရောင်းချခြင်း တို့အပေါ် အခွန် အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တီးတိန်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အခွန် ဦးစီးဌာနမှူး ဦးစိုးဝင်းတင်က တီးတိန်မြို့နယ်အတွင်းရှိ အရက်အမျိုးရောင်းချသည့် လုပ်ငန်းရှင် များအား ပြည်ပမှတရားဝင် အရက်တင်သွင်းခွင့်ပြုခြင်း၊ ပြည်တွင်း၌ ရောက်ရှိနေသော အရက်အမျိုးမျိုးတို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက်များ အတိုင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး အခွန်ထမ်းပြည်သူများအနေဖြင့် သတ်မှတ် ရက်အတွင်း သတ်မှတ်ပုံစံဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း ရှင်းလင်း အသိပေး ဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် တီးတိန်မြို့ပေါ်ရှိ အရက်အမျိုးမျိုး လက်လီ/လက်ကား ရောင်းချခွင့် လိုင်စင်ရသူများနှင့် စားသောက်ဆိုင် ပိုင်ရှင်များ တက်ရောက်ပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေး ကြသည်။
တီးတိနိမြို့ပေါ်တွင် အရက်အမျိုးမျိုး လက်လီ/လက်ကား ရောင်းချခွင့်လိုင်စင် ရရှိသော ဆိုင်နှစ်ခုရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)