တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်

ရန်ကုန်  ဩဂုတ်  ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ကာလနှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၉)နာရီခွဲက နန္ဒဝန်ဈေးနှင့် ငွေယမုံ ဈေး၌ ဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ နှာခေါင်းစည်းတပ်ဆင်၍ သွားလာစေရန် Mask Campaign ပြုလုပ်ရာတွင် ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီမှ အဖွဲ့ဝင် (၆) ဒေါ်သန်းမြင့်အောင်၊ အဖွဲ့ဝင် (၁၁) ဦးမင်းဟန်၊ နန္ဒဝန်ဈေးတာဝန်ခံ၊ ငွေယမုံဈေးတာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ နန္ဒဝန်ဈေးနှင့် ငွေယမုံဈေးများရှိ ဈေးဝယ်သူများနှင့် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ကာလ၌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံမှုမရှိစေရေး နှာခေါင်းစည်း (Mask) တပ်ဆင်သွား လာကြရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း မတပ်ဆင်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း လိုအပ်သူများ အား နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြောင်း သိရသည်။

နေထက်အောင်