တွန်းဇံ ဩဂုတ် ၂၆
ချင်းပြည်နယ်အတွင်း COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ချင်းပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ဝင်းက COVID-19 Economic Relief Plan ပါ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း ဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆလိုင်းထောင်နှင့် တာဝန်ရှိသူများက ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ပေးအပ်ခဲ့ကြသည်။
တွန်းဇံမြို့နယ်တွင် ငါးမွေးတောင်သူ(၄၅)ဦးရှိပြီး ငါးမွေးကန်(၈၀.၉၄)ဧကဖြင့် ငါးမွေးမြူးခြင်း လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြသည်။ တွန်းဇံမြို့နယ်အတွင်း ငါးမွေးတောင်သူ (၄၅)ဦးအတွက် ငါးမွေးကန် တစ်ဧကလျှင် ငါးသားပေါက် (၁၃၀၀)ကောင်နှုန်းဖြင့် ငါးမွေးကန် (၈၀.၉၄)ဧကအတွက် ငါးသားပေါက် ပေါင်း (၁၀၆၈၄၀)ကောင်အား အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့သည်။
ကျီခါးမြို့တွင် ငါးမွေးတောင်သူ (၁၁)ဦးရှိပြီ ငါးမွေကန်(၀.၈၀၃)ဧကအတွက် ငါးမွေးကန်တစ်ဧကလျှင် ငါးသားပေါက် (၁၃၀၀)ကောင်နှုန်းဖြင့် ငါးသားပေါက်ပေါင်း (၁၀၄၃)ကောင် အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)