ကချင်အထူးစီမံချက်ရုံး MRCS – DRC Project မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း သင်တန်းဖွင့်လှစ်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကချင်အထူးစီမံချက်ရုံး MRCS – DRC Project မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း သင်တန်းဖွင့်ပွဲ ကို ယမန်နေ့ နံနက် (၉) နာရီတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ကြက်ခြေနီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက တက်ရောက်အမှာစကားပြောကြားခဲ့သည်။