ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားရေး ပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး အသိပညာပေးလက်ကမ်းစာစောင်၊ နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာခဲများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ရမည်းသင်းခရိုင်နှင့် မြို့နယ် အမျိုးသမီးကော်မတီက ရွှေဒါးကျေးလက်ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား ဖြန့်ဝေပေးသည်။