သာယာဝတီ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သာသနာရေးမှူးရုံး၊ RC နှစ်ထပ် အဆောက်အဦး ဆောက်လုပ်ခြင်း (၉၈) ရာခိုင်နှုန်း ပြီစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ဘတ်ဂျက်ခွင့်ပြု ရန်ပုံငွေ သိန်း(၅၁၉)ဖြင့် သာယာဝတီမြို့နယ်၊ အမှတ်(၂၄)၊ ကွက်သစ်(၂)လမ်းနေ ရွှေသစ္စာမင်းကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ တာဝန်ယူဆောက်လုပ်လျက်ရှိရာ ယခု လက်ရှိ (၂၈-၈-၂၀၂၀)ရက်နေ့ထိ (၉၈) ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပါ ကြောင်းနှင့် အပေါ်ထပ် အောက်ထပ်ပါဝင်သည့် RC နှစ်ထပ် ဆောင် အမျိုး အစားဖြစ်ပြီး၊ အလျား(၂၅)ပေ၊ အနံ(၄၀) ပေ၊ အမြင့်(၂၄)ပေရှိ အဆောက်အဦဖြစ်ပြီး ယခုလာမည့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ကုန်တွင် အပြီးတည်ဆောက် ကာ သာသနာရေးဌာနသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် သာသနာရေးမှူး ဦးနေဇာလင်းထံမှ သိရှိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)