ဇီးကုန်း ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် သာပေါင်းကျေးရွာအုပ်စုတွင် ဆောက်လုပ်လျက်ရှိ သော ကျေးလက် ကျန်းမာရေး ဌာနခွဲ (Sub Center) ဆောက်လုပ်နေမှုအား မြို့နယ်ကျန်းမာရေးဌာန ဆောက်လုပ်ရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး တို့သည် မြို့နယ်ကျန်းမာရေးဌာန ဆောက်လုပ်ရေး ကြီးကြပ်မှု ကော်မတီဝင်များနှင့်အတူ သာပေါင်းကျေးရွာအုပ်စု၊ ကျေးလက်ကျန်းမာ ရေးဌာနခွဲ ဆောက်လုပ်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦးအား အရည်အသွေးပြည့်မီစွာ ဆောက်လုပ် ရန်နှင့် အချိန်မီပြီးစီးစေရေးတို့ကို လမ်းညွှန်မှာကြား ခဲ့ကြသည်။
ဇီးကုန်းမြို့နယ်တွင် သာပေါင်းကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနခွဲအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၆၉.၅ သန်းဖြင့် လည်းကောင်း၊ ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကျန်းမာရေးဌာန အား ခွင့်ပြုငွေ ကျပ် ၁၂၈.၇ သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောက်လုပ်လျက်ရှိပြီး အဆိုပါ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ ဆောက်လုပ်ပြီးစီးပါက ပတ်ဝန်းကျင် ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)