ကချင်အထူးစီမံချက်ရုံး MRCS – DRC Project မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း သင်တန်းဖွင့်လှစ်

မြစ်ကြီးနား     သြဂုတ်   ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကချင်အထူးစီမံချက်ရုံး MRCS – DRC Project မှ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်ကြက်ခြေနီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ကြက်ခြေနီ ဥက္ကဋ္ဌ ဦးဘရန်ဒီးက တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးသူနာပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်က ပြည်နယ်၊ မြို့နယ်များမှ သင်တန်းသား/ သူများအနေဖြင့် ယခုပို့ချပေး‌သော သင်ခန်းစားများကို သေသေခြာခြာလေ့လာသင်ယူပြီး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ လာပါကလည်း ပြည်သူများကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းများဖြင့် ကြက်ခြေနီစေတနာ့လုပ်အားရှင်များက တစ်ဖက်တစ်လမ်းကနေပါဝင် ကူညီသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း‌‌ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်၊ ပြည်နယ်ကြက်ခြေနီ ဥက္ကဋ္ဌ ဦးဘရန်ဒီး၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေနှင့် အမှုဆောင်များက တက်ရောက်ကြပြီး သင်တန်းကိုနည်းပြဆရာ/မများနှင့် မြို့နယ်များမှ ကြက်ခြေနီစေတနာ့တပ်ဖွဲ့ဝင်(၃၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ သြဂုတ် (၂၇)ရက်မှ (၂၈)ရက်နေ့ထိ (၂) ရက် ကြာမြင့်မည် ဖြစ်ကြောင်းသိရှိရသည်။

စိန်ဝင်း (ပြန်/ဆက်)