ကန်ကြီးထောင့် ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာသီရိသုခ ခန်းမတွင်ပြုလုပ် ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ကိုဗစ်-၁၉ ကာလအတွင်း မျိုးစေ့ထုတ် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ မရှိစေရန်အတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို မိမိတို့၏ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် စနစ်တကျ သုံးစွဲသွားကြရန်နှင့် အရည်အသွေးပြည့်ဝသော မျိုးကောင်းမျိုးသန့် စပါးများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် သွားကြရန် ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကြည်မိုးက မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား CERP အရ ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့်ပက်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စုမှ တောင်သူ ၂၀ ဦး၏ အထွက်ကောင်းမျိုးစေ့ထုတ် စိုက်ဧက ၁၀၄ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် (၁၄၈၅၀၀)နှုန်းဖြင့် သိန်းပေါင်း တစ်ရာ ငါးဆယ်လေးသိန်း လေးသောင်း လေးထောင်ကျပ် (၁၅၄၄၄၀၀၀) ကိုလည်းကောင်း၊ တောင်သူ ၁၃ ဦး၏ အရည်အသွေးကောင်း မျိုးစေ့ထုတ်စိုက်ဧက ၁၆၈ ဧက အတွက် တစ်ဧကလျှင် ငွေကျပ်(၁၅၀၅၀၀)နှုန်းဖြင့် သိန်းပေါင်း နှစ်ရာငါးဆယ်နှစ်သိန်းရှစ်သောင်း လေးထောင်ကျပ်(၂၅၂၈၄၀၀၀) ကိုလည်းကောင်း စုစုပေါင်း ငွေကျပ်လေးရာ ခုနစ်သိန်းနှစ်သောင်းရှစ်ထောင်(၄၀၇၂၈၀၀၀) ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ် တောင်သူ ၃၃ ဦး၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းထိုက်(ပြန်/ဆက်)