ကျုံပျော်၌ ကိုဗစ် - ၁၉ ၏ စီးပွားရေး ထိခိုက်မှုသက်သာရေး စီမံချက်အရ ပြုလုပ်သော မွေးမြူ ရေး သင်တန်းများအားလုံးဖွင့်လှစ်ပြီးစီး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ဖွင့်လှစ်ခဲ့သော ကိုဗစ် - ၁၉ ၏ စီးပွားရေး ထိခိုက်မှ သက်သာရေး စီမံချက် ( CERP )အရ ပြုလုပ် သည့် မွေးမြူရေး သင်တန်းများအားလုံး ဖွင့်လှစ်ပြီးစီးပြီဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဆွေမူဟန်က သြဂုတ်လ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။