မရမ်းကုန်း သြဂုတ် ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လက်ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင် များ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိအား ဒုတိယအကြိမ် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်၉:၃၀ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၌ လက်ဆေး ဘေစင်များ၊ လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ စားသောက်ဆိုင် ပိုင်ရှင်များနှင့် ဆိုင်ဝန်ထမ်းများ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆိုင်ထိုင် စားသုံးသူများအား (၃)ပေအကွာ နေရာ ထိုင်ခင်းများ စီစဉ်ထားရှိခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)