ငရုတ်ကောင်း သြဂုတ် ၂၈
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ငရုတ်ကောင်းမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ဇင်လင်းက ကိုဗစ်-၁၉ ကပ်ရောဂါအား ကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာ ရေး ၊ မြို့မစျေး၊ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်များ၊ စျေးရောင်း စျေးဝယ် ပြုလုပ်နေသော ပြည်သူများအနေဖြင့် လက်ဆေးခြင်း ၊Mask တပ်ဆင်ပြီးမှ ရောင်းဝယ်ခြင်းများ ပြုလုပ်ကြရန်နှင့် ပြည်သူများအနေဖြင့် သတ်မှတ် စည်းကမ်းချက်များအား လိုက်နာဆောင် ရွက်ကြရန် လိုအပ်သည်များကို ပူးပေါင်း၍ ဆောင်ရွက် သွားနိုင်ရေး ညှိနှိုင်းဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူက လိုအပ်ချက်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)