ကဝ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှဦးဆောင်၍ စည်ပင်သာယာရေး ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးလာရောက် ဝယ်ယူသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲအတည်ပြု လူနာဦးရေ များပြားလာသည့်အတွက် ရောဂါကူးစက်မှုကို ပိုမိုထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကဝမြို့ စည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ တစ်ဆိုင်နှင့်တစ်ဆိုင် ၆ပေအကွာ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်၍ ရောင်းဝယ်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်မှု မရှိသူများအား အသိပညာပေးခြင်းများကို ကဝမြို့ စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)