ဘောလခဲမြို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသစ် လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင် သင်တန်းဆင်းပွဲ အခမ်းအနား ကို ယနေ့ နံနက်(၉)နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် သံဖြူဇရပ်-ကျိုက္ခမီကားလမ်း ရေကျော်သဖြင့် ယာဉ်သွားလာမှု ယာယီပြတ်တောက်

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်အတွင်းသြဂုတ်လ၂၇ရက်ညသန်းခေါင်ယံ အချိန်မှစတင်၍ ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်အထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများ ကျဆင်းပြီး နံနက်၈နာရီ အချိန်မှစတင်ကာ၊သံဖြူဇရပ်-ကျိုက္ခမီကားလမ်းပေါ်ရှိ မိုင်တိုင် ၇/၀ အဇင်း ပေါင်းတံတားနှင့် ကားလမ်းမ တစ်လျှောက်အမြင့်(၂)ပေခန့်ရေကျော်ခြင်းနှင့်မိုင်တိုင်၉/၄ ပဒံငံလေးတံတား တွင်အမြင့်(၁) ခန့် ရေကျော်ခဲ့ ကြောင်းသိရသည်။

ဝမ်းတွင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးခြင်းများဆောင်ရွက်

ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign နှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန် ရန်ကုန်-မန္တလေး လမ်းမကြီး-ဝမ်းတွင်းဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခ်ရိုင်၊ ဖရူဆိုမြို့နယ်တွင် COVID - 19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ခြင်း ရှိ/ မရှိ ယနေ့နံနက် (၈)နာရီ အချိန်က ဖရူဆိုမြို့ဝင်/ ထွက်ဂိတ်၌ ရှောင်တခင် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့သည်။

သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီခွဲ အချိန်က သီပေါမြို့နယ် အတွင်းရှိ မြို့မစျေး၊ ကျောင်း၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းရှေ့နှင့် မြို့နယ် ဘောလုံးကွင်း ရှေ့ စသည့်နေရာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် အာဟာရမုန့် (၂၀၆၈)ထုပ် ဒုတိယအကြိမ် ထောက်ပံ့ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ဒုတိယအကြိမ် K G တန်းမှ တတိယတန်းနေ ကျောင်းသား/သူများအား High Energy Biscuits အာဟာရမုန့် (၂၀၆၈) ထုပ် ကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ထီးချိုင့်မြို့နယ် ညောင်ပင်သာ (KC) နယ်မြေအတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ် အကွက်များအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ညောင်ပင်သာကျေးရွာ (KC) နယ်မြေ အတွင်း CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသောမျိုးစေ့ထုတ် အကွက်များအား ယနေ့နံနက် (၉) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အ ထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညဈေး၌ ဆောင်ရွက်ခဲ့သည်။

မြေငှားရမ်းဂရန် လျှောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား(သို့မဟုတ်)မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များ ဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် မြေဌားရမ်းဂရန် လျောက်ထားနိုင်ရန်အတွက် မြေပိုင်ဆိုင်မှု အထောက်အထား (သို့မဟုတ်) မြေပေးမိန့် ရရှိရေး လိုအပ်သည့် ထောက်ခံချက်များကို ယနေ့နံနက်(၁၀)နာရီက ပြည်သူ့ဝန်ဆောင်မှုရုံး(oss)၌ ဆောင်ရွက်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် ထုတ်ပြန်မည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်

(၂၀၂၀)ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဆောင်ရွက်မှုများကို ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာစာရေးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to