မြို့သစ်မြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ထောပတ်သီးများ အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးမှုအဖြင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးပင်များကို မိမိတို့ဥယျာဉ်ခြံများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုအချိန်တွင် ထောပတ်သီးများပေါ်ချိန်တွင် အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် KM 577-KM577.5 ကြား နမ့်စင်ချောင်းရေ တိုက်စားမှုကြောင့် လမ်းမြေပြိုကျပြီး ကတ္တရာလမ်း မြေနိမ့်ကျမှု ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ရဲစခန်း အရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး ညာဘက်ခြမ်း ကတ္တရာလမ်း ပုခုံးမြေသားများ အလျားပေ (၇၀) ခန့်မှာ ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြိုကျသွားခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်တွင် အိုင်းမဆည်နှင့် မဲဇလီဆည်များမှ မိုးစပါး ၃၄၀၂၆ ဧက ရေပေးဝေစိုက်ပျိုးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်များမှ ရေပေးဝေခြင်းစနစ်ဖြင့် မိုးစပါး ၃၄၀၂၆ ဧက ရေပေးဝေစိုက်ပျိုးနိုင်မှာဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇေမျိုးသက်ထံမှ သိရသည်။

ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်း အမှတ်စဉ်(၂/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အမှတ်စဉ်(၂/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့ သောင်ရင်းမြစ်ရေ ဒုတိယအကြိမ် ပြန်လည်မြင့်တက်၍  ရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုရှိ ရေဘေးသင့်ပြည်သူ (၄၂၀၀) ဦးအားအုပ်ချုပ်/ထောက်ပံ့၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ သောင်ရင်းမြစ်ရေအမှတ်သည်(၃၀-၇-၂၀၂၅)ရက်နေ့ညနေ ၄ နာရီအချိန်အထိ(၁၃၄၀) စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်အထက် (၃၇၇) စင်တီမီတာသို့ ပြန်လည်​ရောက်ရှိ၍မြေနိမ့်ပိုင်းရှိ ​ရေဘေးသင့်ပြည်သူများမှ ရေဘေးကယ်ဆယ်ရေးစခန်း(​၈)ခုတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို)နှင့် ပူတာအိုခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ငလျင်အန္တရာယ်နှင့်ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ(၃)နာရီခွဲက အဆိုပါသင်တန်းကျောင်း (ပူတာအို)၌ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသထွက်မျှစ်များ လှိုင်လှိုင်ပေါ်ချိန်၌ ဈေးနှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိရာ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာ မျှစ်များ ချိုးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
Subscribe to