ကေ့ာကရိတ် ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အမှတ်စဉ်(၂/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်ကအဖွင့်အမှာစကားပြောကြားပြီ ခရိုင်ရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဝေကျော်က မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုရသည့်ရည်ရွယ်ချက်များနှင့် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုပုံအဆင့်ဆင့်ကို အကျယ်တဝင့် ရှင်း လင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ဆက်လက်ပို့ချရာ သင်တန်းတွင် ထိန်းချုပ်စက်ကိုင်တွယ်သူများအတွက် လုပ်ငန်းစဉ်များဖြစ်သည့် မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲရက်မတိုင်ခင် မဲရုံ၌ ဆောင်ရွက်ရမည့်အချက်များ၊ မဲရုံဖွင့် ချိန်၊ မဲပေးချိန်နှင့် မဲရုံပိတ်ချိန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များ၊ မဲပေးစက်များ စစ်ဆေးခြင်းအကြောင်းအရာများနှင့် (MEVM) ကိုင်တွယ် အသုံးပြုနည်းကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ကော့ကရိတ်မြို့ စစ်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး ကျင်ဆန်းဦး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၃၁ ရက်နေ့မှ ဩဂုတ် ၁ ရက်နေ့ထိ သင်တန်းသား (၇၄) ဦးတို့ဖြင့် သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်