လက်ပံတန်း၌ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့်လုပ်ငန်းစီမံချက်ဖြင့်ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကွမ်းခြံကျေးရွာအုပ်စု၊ ကျေးနီရွာ၊ လင်းရောင်ခြည်စာကြည့် တိုက်တွင်ကျင်းပခဲ့သည်။

ဝေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်း၌မိုးသည်းထန်စွာရွာသွန်း၍ စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိကျေးရွာများဖြစ်သည့် သူရဲသူမိန်ကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာအုပ်စု၊ စက်စုကျေးရွာအုပ်စု၊ ဝိုင်းပါတ်ကျေးရွာအုပ်စု၊ ဒလနွမ်းကျေးရွာအုပ်စုနှင့်လက်ပံကျေးရွာအုပ်စုများအတွင်း ရေ(၄)ပေခန့်ဝင်ရောက်ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်း(အခမဲ့)စမ်းသပ်ဆေးကုသပေးခြင်းများဆောင်ရွက်

ပြည်သူများ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေး၊ ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်ဦးဦးဆောင်ကာ အထူးကုဆရာဝန်ကြီးများနှင့်ကျန်းမာရေးဝန်ထမ်းများက ဇူလိုင်လ ၂၈ ရက်နေ့နံနက်(၉)နာရီအချိန်မှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း(အခမဲ့) ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့သည်။

တောင်ငူမြို့၌ ရေဘေးရှောင်စခန်း (၂၉)ခု ဖွင့်လှစ်ဆောင်ရွက်ထားလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ဇူလိုင် ၂၇ ရက်နေ့မှ စတင်၍ စစ်တောင်းမြစ်ရေစိုးရိမ်ရေမှတ်အထက်ရောက်ရှိခဲ့ပြီး  မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ  တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူမှုစီးပွားဘဝဖွံ့ဖြိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ က ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုတက်ရောက်သည်။ အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေဿကြီးတိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်၊ မွန်၊ ထားဝယ်၊ မော်ကယ်(ဆလုံ)စသည့် ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊လမ်းပန်း ဆက်သွယ်ရေး စသည့်တို့ကို စကားဝိုင်းဖွဲ့၍ရင်းနှီးစွာဖြင့် ဆွေးနွေးကြကြောင်း သိရသည်။

​တောင်ငူမြို့ရှိ ရေဘေးရှောင်စခန်းမှပြည်သူများအား ဆန်၊ဆီ၊ ငါးခြောက် စားသောက်စရာများကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် တောင်ငူမြို့နယ်ရှိ ရေဘေးရှောင်စခန်း(၂၉)ခု၊ အိမ်ထောင်စု(၃၀၀၂)၊ လူဦးရေ(၁၁၉၄၂)ဦးအား တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကွပ်ကွဲမှုအဖွဲ့မှကြီးကြပ်၍ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့ညနေ ၅ နာရီအချိန်တွင် တောင်ငူမြို့ရှိ ရေဘေးရှောင်စခန်းမှပြည်သူများအား ဆန်၊ ဆီ၊ ငါးခြောက်စားသောက်စရာများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းတဲကျွန်းကျေးရွာအုပ်စု၊ မင်းတဲကျွန်း ဘုန်းတော်ကြီးကျောင်းတွင် ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အသိ ပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် ဦးဟန်သူ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်း တောင်သူအသိပညာပေး သရုပ်ပြပွဲတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ၊ ပင်လောင်းလမ်းဘေးရှိ တောင်သူ ဒေါ်ခိုင်၏ လယ်မြေပေါ်တွင် ယနေ့နံနက်ပိုင်းက လက်ဆွဲမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူအသိပညာပေး သရုပ်ပြပွဲကျင်းပ ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် ဦးဟန်သူ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ လေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးငွေကို ကျေးရွာအရောက်သွားရောက်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား တာဝန်ရှိသူများက ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က အိမ်ဆောက်ပစ္စည်းဖိုးငွေကို ကျေးရွာအရောက်သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to