နာဂဒေသလဟယ်-ပုံညိုနယ်စပ်ကားလမ်း တောင်ကျချောင်းရေတိုက်စားမှုကြာင့် ပျက်စီးနေမှုကို စက်ယန္တယားဖြင့်ရှင်းလင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဟယ်-ဆော်လော်-ပုံညိုကြားရှိ ကားလမ်းများ တောင်ကျ ချောင်းရေတိုက်စားပြီး ကားလမ်းများ ရေတိုက်စားခြင်း၊ ကမ်းပါပြိုခြင်းနှင့် တံတားများ ပျက်စီးခြင်း ကြောင့် လဟယ်မြို့နယ်အတွက် အဓိကအခြေခံစာသောက်ကုန်များနှင့်စက်သုံးဆီများကို အိန္ဒိယနယ်စပ်လဟယ်-ဆော်လော်-ပိုညို နယ်စပ်လမ်းကတင်သွင်းခြင်း ခေတ္တခဏရပ်ဆိုင်းခဲ့ပါသည်။