ကျောက်ကြီးမြို့နယ်၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများသို့အသိပညာပေး ပြသ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံညွှန်ကြားမှုအရ အခြေခံပညာအထက်တန်းကျောင်း၊ သပြေဆောင်ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးမှူးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ပူးပေါင်းပြီး "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေးပြသခဲ့ကြောင်းသိရသည်။

မိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အေးချမ်းမွန်ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ သူ့ထက်သာ ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ လင်းလက်အိမ်ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာ နေပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် မြေနေရာသစ် ရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာသည် အိမ်ထောင်စု(၃၉)စုလူဦးရေ (၂၀၀)ကျော် နေထိုင်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့ အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဝင်ပြီး လူနေအိမ်(၂၀)လုံး မျှောပါပျက်းစီးမှုများဖြစ်ပေါ်ခဲ့သည်။ 

ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကျောက်ဖရုံသီးနှံ စိုက်ပျိုးတောင်သူများ ဝင်ငွေတိုးပွား

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် စားဖိုဆောင်သီးနှံ ကျောက်ဖရုံသီးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

ကြံခင်းမြို့ရှိ အခြေခံပညာကျောင်းများနှင့်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်  

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို သက်ဆိုင်ရာအုပ်စုများတွင် ပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပခုက္ကူတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to