လိပ်သို ဇူလိုင် ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိရာ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာ မျှစ်များ ချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
လိပ်သိုဒေသထွက် မျှစ်များမှာ ပေါ်ဦးစတွင် တစ်ပိဿာလျှင် (၁၀၀ဝိ/-)ကျပ် အထိဈေးရရှိပြီး ယခုအချိန် မျှစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၅၀ဝိ/-)ကျပ် သာဈေးရရှိ ကြောင်း မျှစ်လိုက်လံချိုးယူရောင်းချသူ တစ်ဦးထံမှ သိရသည်။
ချိုးယူရရှိလာသောမျှစ်များကို လိပ်သိုမြို့ရှိ မျှစ်အဝယ်ဒိုင်များတွင် ပြန်လည်ရောင်းချကြပြီး ဝယ်ယူရရှိလာသောမျှစ်များကို တောင်ငူမြို့သို့တစ်ဆင့် ပြန်လည်တင်ပို့ရောင်းချကြကြောင်း သိရသည်။
ခင်လေးနွယ်