သရက်ချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သရက်ချောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။

ထားဝယ်မြို့တွင်ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မြို့နယ်တာဝန်ခံတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ဆန်းချီတိုးချဲ့ရပ်ကွက်၊ ခရေလမ်းရှိ ထားဝယ်ခရိုင်/မြို့နယ်၊ ဦးစီးအရာရှိ (မြို့ပြ) ရုံးရှေ့ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ အားကစားနှင့်ကာယပညာ(သိပ္ပံ) မိုးလုံလေလုံ အားကစားရုံသစ်ဖွင့်ပွဲနှင့် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားနှင့်ကာယပညာ(သိပ္ပံ) (၁၂၀'×၉၀') မိုးလုံလေလုံ အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံသစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

လယ်ဝေးမြို့နယ် သစ်ကြိမ်းတံတား ရေတိုက်စားပျက်စီးမှု ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ သစ်ကြိမ်းကျေးရွာအနီးရှိ သစ်ကြိမ်းတံတားထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတား လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းလက်တွေ့သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊   အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကြေးတိုင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကြေးတိုင်အင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းက မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင် ကျင်းပခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြသစိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ လက်ဆွဲကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြသ စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၉)ရပ်ကွက်နယ်မြေ ကွင်းအမှတ်(၄၆) တောင်သူ ဦးအိုက်ကတ်၏ မိုးစပါးပန်းတိုငအထွက်နှုန်းထွက်ရှိရေး စံပြကွက် (၁၀)ဧက၌ ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့်  လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းရယ်မြို့နယ် ဦးစီးဌာနမှူးရုံးမှ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား Biometric အချက်အလက်များကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးသည်။
Subscribe to