မိုင်းပန် ဇူလိုင် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား/သူများက လူငယ်နှင့်မလိုလားအပ်သည့် အလေ့အထများ၊ မြန်မာလူငယ်တွေ ဉာဏ်ရည်နှိမ့်ပါသလား၊ ကံကောင်းတယ် ကံဆိုးတယ်ဆိုတာဘာလဲ၊ လူငယ်နှင့်အချိန်၏ တန်ဖိုး၊ လူ့ထဲကလူ အတူတူမဟုတ်နှင့် လူ့တန်ဖိုးအကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)