မြို့သစ် ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မင်းရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာမူလတန်းအဆင့် (KG မှ GRADE-5) အထိ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိအမြင်စစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်းနှင့် အာဟာရအုပ်စုအကြောင်း ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)