ဘီးလင်းမြို့နယ်တွင် ရန်ကုန်-မော်လမြိုင်ကားလမ်းရေကျော်မှုကြောင့်ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြု

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင်မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်ကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းရေကျော်မှုကြောင့် ဇူလိုင် လ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မော်တော်ယာဉ်ငယ်များဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။

ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်နှင့်အခြခံပညာကျောင်းများပူးပေါင်းကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဇူလိုင် ၂၈ ရက်နေ့နံနက် ၁၀ နာရီကကျင်းပသည်။

ဒဂုံတက္ကသိုလ်တွင် Pfizer  JN 1 ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသ‌ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည်အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ဦးတည်အုပ်စုများသတ် မှတ်၍ ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းက ဒဂုံတက္ကသိုလ်တွင် ဆရာ၊ ဆရာမများနှင့်‌ ကျောင်းသား၊ ကျောင်းသူ(၅၅၂)ဦးအား Pfizer JN 1  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မွန်းလွဲ ၁နာရီအချိန်က မှော်ဘီမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။

အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြင့်တင် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၌ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက အောင်လံမြို့၊ မြို့မဈေးနှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၊ သန်လျင်-သုံးခွ-ခရမ်းလမ်းမကြီး၊ ကြာနီကန်ရေနုတ်မြောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ တတိယအကြိမ်မြောက်ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာအုပ်စု၊  သန်လျင်-သုံးခွ-ခရမ်းလမ်းကြီး၊ ကြာနီ ကန်ရေနုတ်မြောင်းအတွင်းသို့ ငါးသယံဇာတရေရှည်တည်တံ့တိုးတက်စေရေးအတွက် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့နံနက်ပိုင်းကကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တွံတေးမြို့နယ်ငါးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ချောက်မြို့နယ်၌ စား​သောက်ကုန်လုပ်ငန်းရှင်များ လုပ်ငန်းသုံးဆီများ လုံလောက်မှုရှိမရှိနှင့် အမှန်တကယ်သုံးစွဲခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး​

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ လုပ်ငန်းသုံးဆီများ လုံလောက်မှု ရှိ၊ မရှိနှင့် အမှန်တကယ်သုံးစွဲခြင်းရှိ၊ မရှိကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်‌   နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေး ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊    မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် တာဝန်ရှိသူများက ပဒေသာ၊ စိန်သရဖူ၊ ငွေ မြင့်မိုရ်ပဲကြော်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး​ခဲ့​ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရေး နည်းပညာဆွေးနွေးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း ဌာနဆိုင်ရာသတင်းအချက်အလက်များ ကျိုးပေါက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရေး နည်းပညာဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
Subscribe to